လေးစားအပ်ပါသော မိဘများနှင့် ကလေးပြုစုစောင့်ရှောက်သူများ၊
ဤစစ်တမ်းသည် Vermont-အမျိုးသားပညာရေးအသင်းမှပေးပို့သည့် မေးခွန်း ၁၁ ခုပါဝင်သည့် စစ်တမ်း ဖြစ်ပါသည်။ ၎င်းသည် Covid-19 ကျန်းမာရေး အရေးပေါ်ကာလအတွင်း သင်နှင့် သင့်ကလေးတို့အတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် ဆရာ/ဆရာမများနှင့် အခြားကျောင်းဝန်ထမ်းများအား ကူညီရန်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ယခုအချိန်သည် အားလုံးအတွက် ခက်ခဲပြီး မသေချာမရေရာသည့် အချိန်များဖြစ်ပြီး မိဘအုပ်ထိန်းမှု၊ အဝေးသင် ပညာရေး ကြီးကြပ်လမ်းညွှန်မှုနှင့် သင့်ကလေးများအတွက် ၎င်းတို့၏ သူငယ်ချင်းများ၊ ကျောင်းပတ်ဝန်းကျင်နှင့် ပုံမှန်နေ့စဉ်လုပ်ဆောင်နေကျ အခြေအနေများဖြင့် အဆက်ဖြတ်ခြင်း ခံနေရကြောင်းကို သိရှိပါသည်။
ဤအချက်အလက်များက သင်၏ဆရာ/ဆရာမများအတွက် အဝေးသင် ပညာရေး လေ့ကျင့် လုပ်ဆောင်ချက်များ၊ သင်နှင့် သင့်ကလေးတို့၏ ကျိုးကြောင်းသင့်လျော်သည့် ကျောင်းတက်ရောက်မှု ဆိုင်ရာ မျှော်လင့်ချက်များ သတ်မှတ်ခြင်း၊ မိသားစုချမ်းသာသုခ ပြည့်ဝစွာ နေထိုင်နိုင်ရေးအတွက် အခက်အခဲ အတားအဆီး များကို ဖော်ထုတ်ခြင်းနှင့် စိတ်ဖိစီးမှုများကို လျှော့ချရာတွင် အထောက်အပံ့ ဖြစ်လိမ့်မည်။ ၎င်းအနေဖြင့် အာဏာပိုင်အဖွဲ့များ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် အခြား သက်ဆိုင်ရာအဖွဲ့အစည်း များအား ဤကမ္ဘာအနှံ့ဖြစ်ပွားသော ကူးစက်ရောဂါ ကြောင့် သင်နှင့် သင့်မိသားစု အတွက် ဘဏ္ဍာရေး ဆိုင်ရာ၊ ဆေးကုသမှုဆိုင်ရာနှင့် စီးပွားရေး ဆုံးရှုံးမှုများမှ ကာကွယ်ရန်အတွက်လည်း အထောက်အပံ့ ဖြစ်လိမ့်မည်။
အများပြည်သူ အတွင်းရေးကိုကာကွယ်ရန် ကျွန်ုပ်တို့အနေဖြင့် နာမည်များ သို့မဟုတ် အိမ်လိပ်စာများကို မေးမြန်းမည် မဟုတ်ဘဲ သင်နေထိုင်သည့် ကောင်တီကိုသာလျှင် မေးမြန်းမည်။
ကျွန်ုပ်တို့ အကြီးမားဆုံး လိုအပ်ချက်မှာ သင့်အတွက် ဘေးကင်းလုံခြုံရေး၊ ကောင်းမွန်ရေးနှင့် အကာအကွယ်ရှိစေရန် ပင်ဖြစ်သည်။ Vermont-NEA ၏ အရေအတွက် ၁၃,၀၀၀ ရှိသော ကျောင်းဆရာ/ဆရာမများ၊ စီမံခန့်ခွဲရေးအကူများ၊ ပညာရေးပံ့ပိုးသူများ၊ ဘတ်စ်ကားမောင်းသူများ၊ ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများမှ သင့်အား ကူညီနိုင်သည့် နည်းလမ်း များဖြင့် အကောင်းဆုံး ကူညီပံ့ပိုးမည်ဖြစ်ကြောင်း သိရှိထားပါ။
ကျေးဇူးတင်ပါသည်။
လေးစားစွာဖြင့်
Don Tinney၊ ဥက္ကဌ၊ Vermont-NEA