ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင်ပြုစု ထားရန်လိုအပ်ပါသည်။
ယခုစစ်တမ်းမှ ရရှိသော အချက်အလက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် **၂၀၂၁ စက်တင်ဘာလမှ ယခုအချိန်အတွင်း** **မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း** **ဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) သေဆုံးခဲ့ခြင်း** ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုပါသည်။
အချိန် (၅) မိနစ်ခန့်ပေး၍ ဖြေဆိုပေးခြင်းဖြင့် ကူညီပေးစေလိုပါသည်။ ယူနီကုတ်ဖြင့် ဖြည့်ပေးရန် မေတ္တာရပ်ခံပါသည်။
မေးခွန်း (၁၃) ခုသာ ပါရှိပြီး ဖြေဆိုသူမည်သူဟု သိရှိနိုင်သည့် မေးခွန်းမျိုး မပါဝင်ပါ။ ယခုစစ်တမ်းမှ ရရှိသည့် လူ၊ပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အချက်အလက်များကို လျှို့ဝှက်ထားမည် ဖြစ်ပါသည်။ ဖြစ်ပွားမှု ပုံစံများကိုသာ ခြုံငုံ သုံးသပ် တင်ပြသွားမည်ဖြစ်ပါသည်။
ကျေးဇူးတင်ပါသည်။