Application Form for Feminist Storytelling Grant 2026
  • Application Form for Feminist Storytelling Grant 2026

    Storytelling is a foundational strategy in feminist movements, serving as a means for women and gender-diverse individuals to reclaim agency over their own narratives. By telling their stories in their own voices and on their own terms, women and gender-diverse individuals resist the historical pattern of having their experiences mediated, co-opted, or silenced by others. The Storytelling Grant is designed to empower individuals and feminist networks and organizations to use narrative as a tool for advocacy, awareness, and protection. Successful applications combine compelling storytelling with clear human rights objectives, strong implementation plans, and a commitment to ethical and impactful documentation. The total amount for this grant is 2000 USD. Please submit your application by March 31, 2026.
  • ဖီးမနစ်စတိုရီ ဇာတ်လမ်းတင်ဆက်ပုံဖော်ခြင်းဆိုင်ရာဂရန့် ခေါ်ယူခြင်း

    ဇာတ်ကြောင်းပြောခြင်းသည် အခြေခံကျသော နည်းဗျူဟာတစ်ခုဖြစ်ပြီး၊ အမျိုးသမီးများနှင့် လိင်ခံယူမှုကွဲပြားသူများမှ မိမိတို့၏ ကိုယ်ပိုင်ဇာတ်ကြောင်းများအပေါ် လွှမ်းမိုးနိုင်စွမ်းကို ပြန်လည်ရယူရန် ဆောင်ရွက်ပေးသော နည်းလမ်းတစ်ခုဖြစ်သည်။ အမျိုးသမီးများနှင့် လိင်ခံယူမှုကွဲပြားသူများသည် မိမိတို့၏ဇာတ်ကြောင်းများ ကိုယ်ပိုင်အတွေ့အကြုများကို မိမိတို့ကိုယ်ပိုင်အသံဖြင့်လည်းကောင်း၊ မိမိတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်များအတိုင်းလည်းကောင်း ပြောကြားခြင်းအားဖြင့်၊ သမိုင်းတစ်လျှောက် ၎င်းတို့၏ အတွေ့အကြုံများကို အခြားသူများက လွှမ်းမိုးခြယ်လှယ်ခြင်း၊ သိမ်းပိုက်ခြင်း သို့မဟုတ် နှုတ်ပိတ်ခြင်းခံခဲ့ရသည့် ပုံစံအမျိုးမျိုးကို ဆန့်ကျင်တော်လှန်ကြသည်။ ကိုယ်ပိုင်အခွင့်အရေး၊ အသိပညာမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေး ကိစ္စရပ်များတွင် ဇာတ်လမ်း တင်ဆက်ခြင်းကို နည်းလမ်တစ်ခုအနေနဲ့ ပိုမိုအသုံးပြုလာကြစေရန်အတွက် ရန်ပုံငွေ အစီအစဉ်ကို ပုံစံရေးဆွဲထားပြီး ဖီးမနစ်အရေးလှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးချင်းစီအတွက်သာမက ဖီးမနစ်ကွန်ယက်များနှင့် အဖွဲ့အစည်းများ အတွက်ပါ စွမ်းရည်မြှင့်တင်ပေးနိုင်ရေးကို ရည်ရွယ်ထားပါသည်။ ချီးမြှင့်ပေးသွားမည့် ရန်ပုံငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ဖြစ်ပါသည်။ လျှောက်လွှာများကို မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး တင်ပေးပါရန် တောင်းဆိုအပ်ပါတယ်။
  • ဇာတ်လမ်းတင်ဆက်ပုံဖော်ခြင်းအတွက်အဓိကအာရုံစိုက်ချက် (Storytelling Focus)

    1. ဤဂရန့်အတွက် ဖီးမနစ်ဇာတ်လမ်းတင်ဆက်ပုံဖော်ခြင်း (Feminist Storytelling) ကို အောက်ပါအချက်များပါဝင်သည့် ဇာတ်လမ်းများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည် —
      ကျား-မ စံနှုန်းများ စနစ်များနှင့် ဖိုဝါဒစိုးမှုအပေါ် အခြေခံသည့် စနစ်များကို စိန်ခေါ်ခြင်း
      (Challenge Gender Norms and Patriarchal Structures)
    2. ဘေးဖယ်ထားခံရသော လူအုပ်စုများ၏ အသံများနှင့် အတွေ့အကြုံများကို ဗဟိုပြု တင်ဆက်ခြင်း (Centering Marginalized Voices and Experiences)
    3. အခွင့်အရေးများ၊ စိတ်ကျန်းမာရေး၊ ခံနိုင်ရည်ရှိမှု (Resilience)၊ ကျား-မ တရားမျှတမှု၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများ စသည့် အကြောင်းအရာများကို စူးစမ်းလေ့လာ တင်ဆက်ခြင်း (Exploring Themes of Rights, Mental Health, Resilience, Gender Justice, Reproductive Health and Rights)
    4. LGBTQI+ များ၏ အတွေ့အကြုံများနှင့် ရှုထောင့်များကို မီးမောင်းထိုးပြခြင်း (Highlighting LGBTQI+ Experiences and Perspectives)
    5. အမျိုးသမီးများနှင့် ကျား-မ ကွဲပြားသူများ၏ ရုန်းကန်မှုများနှင့် အောင်မြင်မှုများကို မှတ်တမ်းတင်တင်ဆက်ခြင်း (Documenting the Struggles and Triumphs of Women and Gender-Diverse Individuals)
    6. ကျား-မဆိုင်ရာများကို အချက်အလက်မျိုးစုံ (လိင်ဆိုင်ရာ သဘောထား၊ မသန်စွမ်းမှု၊ ဘာသာရေး၊ အသက်အရွယ် စသဖြင့်) ပေါင်းစပ်စဉ်းစားသည့် နားလည်မှုကို မြှင့်တင်ခြင်း (Promoting Intersectional Understanding of Gender Issues)
  • တင်ဆက်နိုင်သော မီဒီယာပုံစံများ

    အောက်ပါ မီဒီယာပုံစံများဖြင့် ဇာတ်လမ်းတင်ဆက်နိုင်ပါသည် —

    • ပုံရိပ်များဖြင့် ဇာတ်လမ်းတင်ဆက်ခြင်း (ဓာတ်ပုံ၊ ရုပ်ရှင်၊ အန်နီမေးရှင်း)
      Visual storytelling (photography, film, animation)
    • ဂရပ်ဖစ်ဇာတ်လမ်းများနှင့် အချက်အလက်ကို ပုံရိပ်ဖြင့် တင်ပြသော Infographics
      Graphic narratives and infographics
    • ရေးသားထားသော ဆောင်းပါး၊ ကဗျာ၊ ဇာတ်လမ်း/စိတ်ကူးဖန်တီးထားသောစာပေများ
      Written works (essays, poetry, fiction)
    • အသံအခြေပြု ဇာတ်လမ်းတင်ဆက်မှု (Podcast များ၊ ရေဒီယိုဇာတ်လမ်းများ)
      Audio storytelling (podcasts, radio plays)
    • ဖျော်ဖြေတင်ဆက်မှု (ပြဇာတ်၊ ကပြဖျော်ဖြေမှု)
      Performance-based storytelling (theater, dance)
    • ဒီဂျစ်တယ်ဇာတ်လမ်းတင်ဆက်မှု
      Digital and interactive storytelling
    • မီဒီယာပုံစံမျိုးစုံဖြင့်ပေါင်းစပ်အသုံးပြုသော နည်းလမ်းများ (Mixed Media Approaches)
  • Grant Timeline and Funding

    • Duration : May-October 2026 to complete storytelling project from the moment that is approved (၂၀၂၆ ခုနှစ် မေလမှ အောက်တိုဘာလထိကြာမြင့်မည်ဖြစ်သည်)
    • Funding Structure: 50% of grant funds transferred upon selection, remaining 50% upon successful completion of grant (ရွေးချယ်ခံရသည်နှင့် Grant ပမာဏ ထက်၀က် (၅၀%) ကို ပေးအပ်သွားမည်ဖြစ်ပြီး၊​ကျန် ထက်၀က် ၅၀% ကို Grant ပြီးမြောက်ပြီးစီးသည့်အချိန်တွင် ပေးအပ်သွားမည်ဖြစ်ပါသည်။)
    • Reporting Requirements: Monthly progress update and final grant submission report (လစဥ် တိုးတက်မှုခြေနေတင်ပြခြင်းနှင့် Grant အပြီးသတ်အစီရင်ခံစာ ပေးပို့မှု ပြုလုပ်ပေးရမည်ဖြစ်ပါသည်။)
  • Please note:

    The form is end-to-end encrypted, ensuring the security of your data during transmission and storage. By proceeding, you consent to the collection, processing, and storage of your information as described herein. ဤဖောင်အား ပေးပို့ခြင်းနှင့် သိမ်းဆည်းစဉ်အတွင်း သင့်ဒေတာများအတွက် လုံခြုံရေးကိုအာမခံချက်ပေးသော end-to-end encrypted နည်းပညာဖြင့် ကုဒ်ဝှက်ပေးထားသည်။ သင့်အနေဖြင့် ဆက်လက်ဖြည့်စွက်ပါက သင်၏ အချက်အလက်များကို စုဆောင်းခြင်း၊ လုပ်ဆောင်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို သဘောတူခွင့်ပြုရာရောက်ပါသည်။
  •  - -
  • Browse Files
    Drag and drop files here
    Choose a file
    Cancelof
  • Other sources of funding အခြားထောက်ပံ့ကြေး ရရှိထားသည့် ရင်းမြစ်များ

    Please list all other sources of funding you are currently receiving here. (လက်ရှိ သင်ရရှိထားသော ထောက်ပံ့ကြေးနှင့် ဆက်စပ်သည့် အဖွဲ့အစည်းများ အားလုံးကို ဖော်ပြပါ)
  • Thank you for placing your trust in Exile Hub. We are committed to supporting media professionals and human rights defenders from and in Myanmar. Warm regards, Exile Hub ----- Exile Hub ကို ယုံကြည်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ မြန်မာနိုင်ငံတွင်းရှိ မီဒီယာပညာရှင်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ကူညီပံ့ပိုးပေးရန် ကျွန်ုပ်တို့ ကတိပြုပါသည်။ နွေးထွေးစွာဖြင့် Exile Hub။
  • Should be Empty: