အင်ဒီယားနား Indiana ပြည်သူ့ကျောင်းအနေနှင့် ကျောင်းသူကျောင်းသား တစ်ဦးတစ်ယောက်အား iCAP သင်တန်းတက်ရန် ငြင်းပယ်မည်ဆိုပါက ၎င်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အင်ဒီယားနားပညာရေးဦးစီးဌာန Indiana Department of Education ထံမှ မေတ္တာရပ်ခံခွင့်ရှိကြောင်း ကျောင်းသားမိဘများ သို့မဟုတ် အုပ်ထိန်းမှုအောက်မရှိတော့ဘဲ သင်တန်းတက်ရန်သင့်လျော်သော ကျောင်းသူကျောင်းသားများကို အကြောင်းကြားရမည်။
- ပညာရေးဦးစီးဌာန DOE အနေနှင့် မေတ္တာရပ်ခံချက် ရရှိသောအခါ ကျောင်းအဖွဲ့ထံမှ အသေးစိတ် အချက်အလက်များနှင့် အကြောင်းပြချက်များ ရယူရန် ကျောင်းသားအတွက် iCAP ၏အဓိက ဆက်သွယ်ရမည့်ပုဂ္ဂိုလ်ထံသို့ ပုံစံစာရွက်ဖတ်ရှုဖြည့်စွက်ရန် အင်တာနက်စာမျက်နှာ ဖွင့်ကြည့်နိုင်မည့် ချိတ်ဆက်မှုတစ်ခု ပို့ပေးပါလိမ့်မည်။
- ကျောင်းအဖွဲ့အနေနှင့် ပညာရေးဦးစီးဌာန DOE ထံသို့ ကွန်ပျူတာစနစ်ဖြင့် အကြောင်းပြန်ချက် ဖြည့်စွက်ပြီးတင်ပြရန်အတွက် ရုံးဖွင့်ရက် ၃ ရက် အချိန်ရမည်ဖြစ်ပါသည်။
- ကျောင်းအဖွဲ့၏ ငြင်းပယ်မှုအကြောင်းကို ပညာရေးဦးစီးဌာနမှ ဖတ်ရှုသုံးသပ်မည်ဖြစ်ပြီး မေတ္တာရပ်ခံချက် ရရှိပြီးနောက် ပြက္ခဒိန်ရက်ပေါင်း ခွန်နှစ် (၇) ရက်အတွင်း နောက်ဆုံး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ရမည်။
- မေတ္တာရပ်ခံချက်အပေါ် ဆုံးဖြတ်ချက်နှင့် ရှင်းလင်းချက်များကို ကျောင်းသားမိဘနှင့် iCAP ပုဂ္ဂိုလ်ထံသို့ ပေးပို့ပါလိမ့်မည်။
ကျောင်းအနေနှင့် ကျောင်းသူကျောင်းသား တစ်ဦးအား အင်တာနက်မှတစ်ဆင့် ကျောင်းတက်ခွင့် ငြင်းပယ်ရသော အကြောင်းရင်းများစွာအား ဥပဒေပြဌာန်းချက် (HEA 20-30-16) တွင် အကြမ်းဖျင်း ဖော်ပြထားပါသည်။:
- သင်ကြားပို့ချမည့်သူမှ စာရင်းပေးထားသော သင်တန်းများသည် သင်တန်းတက်ရန် သင့်လျော်သော ကျောင်းသူကျောင်းသား၏ ကျောင်းအောင်မြင်မှုအတွက် သို့မဟုတ် အောင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များအတွက် အကျိုးမရှိခြင်း။.
- သင်တန်းတက်ရန် သင့်လျော်သော ကျောင်းသူကျောင်းသားများ အနေနှင့် အတန်းယူခွင့်အစီအစဉ် (course access program) မှ စာရင်းတွင် ဖော်ပြထားသော သင်တန်းကို တက်မည်ဆိုပါက ကျောင်းအဖွဲ့၌ ဖြည့်ဆည်းရမည့် သာမန်အတန်းစာ သတ်မှတ်ချက်များထက် ပိုသွားခြင်း။
- အတန်းယူခွင့်အစီအစဉ်၏ သင်တန်းတက်ရန်အတွက် အခြေခံလိုအပ်ချက်များ မဖြည့်ဆည်းနိုင်ခြင်း။